Monday, 21 January 2013

ကျွန်တော်မသိခြင်းများ

ပါရမီဖြည့်ခြင်း အနုပညာ

ပါရမီဖြည့်ခြင်း အနုပညာဆိုတာ နှလုံးသားနဲ့ အသိဥာဏ် ကြီးကျယ်မြင့်မြတ်မှုက စတင်ဖြစ် ပေါ်လာတာပါ။

အတ္တခြံစည်းရိုးကို ချိုးဖျက်ပြီး တစ်လောကလုံးကို နေရာပေး မြတ်နိုးနိုင်လောက်အောင် မိမိရဲ့ နှလုံးသားက ကြီးမား ကျယ်ပြန့် လာတဲ့အခါ လောက ကျေးဇူးကို သိမြင်ပြီး လောကနဲ့ ၀န်းကျင်ကို ကောင်းကျိုးပြု မြှင့်တင်နိုင်လောက်အောင် မိမိရဲ့အသိဥာဏ် ပညာက ကြီးကျယ်မြင့်မြတ် လာတဲ့အခါ လူသားတစ်ဦးဟာ သူ့ရဲ့ပါရမီခရီးကို စတင်တော့တာပါပဲ။

ပါရမီဆိုတာ မြင့်မြတ်သူတွေရဲ့ပုံရိပ်၊ သူတော်ကောင်းတွေရဲ့နှလုံးသား၊ သူတော်စင် တွေရဲ့စရဏဖြစ်ပေမဲ့ မြင့်မြတ်သူတွေနဲ့ သာမန် လူတွေရဲ့ ကြားမှာ ကာရံစည်းခြားထားတဲ့ နံရံတံတိုင်း ကြီးတစ်ခုတော့ မဟုတ်ပါ။
လူတိုင်းသွားလာနိုင်လောက်အောင် ကြီးမားကျယ်ပြန့်စွာ ဖောက်လုပ် ထားတဲ့ အဝေးပြေးလမ်းမကြီးတစ်ခုပါ။ ဒီလမ်းမကြီးပေါ်မှာ လျှောက်လှမ်း နိုင်ဖို့ဆိုတာ ရွှေတွေ၊ ငွေတွေ၊ ရားထူးတွေ၊ ဂုဏ်အရှိန်အ၀ါ ပကာသနတွေ ဘာတစ်ခုမှရှိဖို့ မလိုအပ်ပါဘူး။ ဒါပေမဲ့ သဒ္ဓါ၊ မေတ္တာ၊ ပညာစတဲ့ သူတော် ကောင်းတရားတွေ အပြည့်အ၀ရှိဖို့တော့ လုံးဝလိုအပ်ပါတယ်။

Monday, 17 December 2012

Beautiful Arakan  
Ancient Arakan Pagoda

Wonderful view of an ancient pagoda




Sittwe Beach




Attractive Ngpali Beach

မြန်မာ့လွတ်လပ်ရေးလမ်းပြ မီးရှုးတန်ဆောင်

အရှင်ဦးဥတ္တမ ( ၁၈၈၀ မှ ၁၉၃၉ )                                                                                  မြန်မာ့လွတ်လပ်ရေးလမ်းပြ မီးရှုးတန်ဆောင် အာရှတိုက်ထွန်းသစ်ကြယ်အရှင်ဦးဥတ္တမကိုရခိုင်ပြည်နယ် စစ်တွေမြို့ ၊ ရူပရပ် ၊ ချောင်းနားတန်းတွင် ဖခင် ဦးမြသာဦး၊ မိခင်ဒေါ်အောင်ကျော့ဖြူ တို့မှ (၁၈၈၀)ပြည့်နှစ် ဒီဇင်ဘာ(၂၈)ရက်တွင် မွေးဖွားခဲ့သော သားကြီးဖြစ်သည်။ ငယ်မည်မှာ ပေါ်ထွန်းအောင် ဖြစ်သည်။ ဦးဥတ္တမတွင် ညီကျော်ထွန်းအောင်(ကိုရင်ကြီးအရှင်အရိယ)နှင့် ညီမ မအိမ်စိုးတို့ နှစ်ဦးရှိသည်။ ရှင်ဥတ္တမ(ပေါ်ထွန်းအောင်)နှင့် ညီဖြစ်သူကျော်ထွန်းအောင်တို့ကို မိဘများက ကျွန်ပညာအင်္ဂလိပ်စာကို သင်ကြားမပေးလိုသော်လည်း တိုင်းရင်းသား ဘာသာ ကျောင်းတွင် ပညာသင်ပေးခဲ့ရာ ဦးဥတ္တမ ( ပေါ်ထွန်းအောင်) သည် ဆဌမတန်းအထိ သင်ကြားခဲ့သည်။ မိခင်က ကျောင်းမှ နှုတ်ထားသည့်တိုင်အောင် ပေါ်ထွန်းအောင်က နိုင်ငံ ရပ်ခြားကို သွားရောက် ပညာသင်ရန် မလျှော့သောလုံ့လဖြင့် အမျိုးမျိုးကြိုးစားသည်။ အသက်(၁၃)နှစ်အရွယ်တွင်စစ်တွေမြို့၌ပရိယတ္တိသင်ကြားရာတွင်အကျော်တစောရှိသော ရွှေစေတီကျောင်းဆရာတော်ဘုရားထံ ဗုဒ္ဓ၏ အခြေခံစာပေများကို လေ့လာသင်ယူသည်။ (၁၅) နှစ်အရွယ်တွင် ပေါ်ထွန်းအောင်နှင့် ညီငယ်ကျော်ထွန်းအောင် ရှင်သာမဏေ အဖြစ် သင်္ကန်းစည်းကြသည်။
                       ရှင်ဥတ္တမနှင့် ရှင်အရိယဟူသော ဘွဲ့ နာမများရရှိခံယူ ကြသည်။ထို့နောက် အရှင်ဦးဥတ္တမရဟန်းဝတ်ဖြင့် ရန်ကုန်၊ မအူပင်၊ ပဲခူး၊ တောင်ငူ ၊ မန္တလေးနှင့် ပခုက္ကူမြို့ များတွင် လှည့်လည်နေထိုင်ပညာသင်ယူခဲ့သည်။ ဗုဒ္ဓစာပေ ကျမ်းဂန်များကိုလည်း အပတ်တကုတ် လေ့လာ ကြိုးပမ်း ဆည်းပူးခဲ့သည်။ တောင်ငူမြို့တွင်ရှိစဉ် ရှင်သာမဏေစာပြန်ပွဲတစ်ခုကို ၀င်ရောက်ဖြေဆိုရာ ပထမရသည်။ တောင်ငူမြို့ မှ ရှမ်းမကြီးတစ်ဦးက သားအဖြစ်မွေးစားလိုကြောင်းပြော၍ မွေးစားလိုလျှင် ကာလကတ္တားကို ပညာသင်လွှတ်မလားဟု တောင်းဆိုရာ ထိုအမျိုးသမီးကြီး၏ အထောက်အပံ့ဖြင့် လူဝတ်လဲကာ အသက်(၁၇) နှစ်အရွယ်တွင် ကာလကတ္တား၌ အင်္ဂလိပ်စာနှင့် ခေတ်ပညာများကို သင်ယူပြီး (၁၀)တန်း စာမေးပွဲကို အလွတ်ပညာသင် အဖြစ် ဖြေဆို အောင်မြင် ခဲ့သည်။

"သမထနှင်.၀ိပဿနာ"

"သမထနှင်.၀ိပဿနာ" ( credit to : အနှိုင်းမဲ့ စာတိုပေစများ facebook page ) .................................... ဒီကနေ.ခေတ်မှာ ကမ္ဘာအနှံ. ကျယ်ကျယ်ပြန်.ပြန်. meditation ဆိုပြီးတော. သမထ အားထုတ်တဲ. အစဉ်အလာတွေဟာ နိုင်ငံတကာမှာလည်း လိုက်နာကျင်.သုံးနေကြတယ်။ ဟိုနိုင်ငံမှာလည်း meditation ၊ ဒီနိုင်ငံမှာလည်း meditation လို.ဆိုပြီးတော. meditation လုပ်ငန်းတွေဟာ ခုအခါမှာ popular ဖြစ်လာတယ်လို. ပြောရမယ်။ အဲဒီ meditation တွေဟာ ဘာရည်ရွယ်ချက်နဲ.လုပ်ကြတာလဲလို.. ရည်ရွယ်ချက်ထားပုံချင်းမတူဘူးပေါ.။                                                                                                                    တချို.က meditation လုပ်တာဟာ သံသရာဝဋ်ဒုက္ခမှ ကျွတ်လွတ်ပြီး နိဗ္ဗာန်မဂ်ဖိုလ်ချမ်းသာကို မျက်မှောက်ပြုဖို.ဆိုတဲ. အလွန်မြင်.မားတဲ. ရည်ရွယ်ချက်နဲ. အားထုတ်တဲ. ပုဂ္ဂိုလ်ရှိသလို တချို.ကလည်းပဲ စိတ်ဖိစီးမှုဒဏ်တွေ မခံနိုင်လို. စိတ်ဖိစီးမှုဒဏ်တွေ လျော.ကျသွားစေရန် စိတ်ငြိမ်သက်မှု ရရုံ ရည်ရွယ်ပြီးတော. meditation လုပ်ကြတာတွေက များတယ်။ ရည်ရွယ်ချက်ချင်း မတူဘူးပေါ.။ သို.သော် သမထဆိုတာ ဘာလဲ၊ ၀ိပဿနာဆိုတာ ဘာလဲ။ meditation ဆိုတဲ. ကမ္မဋ္ဌာန်းအလုပ်သည် သမထရယ် ၀ိပဿနာရယ်ဆိုပြီး ကျင်.စဉ်နှစ်မျိုး ကွဲပြားနေတယ်တဲ.။ ဒီစကားလုံးနှစ်ခုဟာ ဗုဒ္ဓဘာသာ အသိုင်းအ၀ိုင်းမှာရော ဗုဒ္ဓဘာသာမဟုတ်တဲ. ကမ္မဋ္ဌာန်းဘာဝနာ စိတ်ဝင်စားတဲ. ပုဂ္ဂိုလ်တွေရဲ. အသိုင်းအ၀ိုင်းမှာရော လူသိများနေတဲ. စကားလုံးနှစ်ခုဖြစ်တယ်။ သမထနှင်. ၀ိပဿနာ။ သို.သော် သမထဆိုတာ ဘယ်လိုကျင်.ရသလဲ။

Thursday, 3 May 2012

back to top